(၂၂) နှစ်မြောက် ရှစ်လေးလုံးနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်းအားစုများ ဦးဆောင်ပြီး ၂၀၁၀ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် နေ့လည် (၁)နာရီမှ (၅)နာရီအထိ ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ ဥက္ကဌ ဦးမျိုးသန့်၊ International Amnesty မှ ကိုယ်စားလှယ်များ၊ ဘတ်ဖလိုးမြို့ဒေသခံများနှင့် ဘတ်ဖလိုးရောက် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်တွင် ရှစ်လေးလုံးကာလအတွင်း ပြည်သူများ၏ လှုပ်ရှားမှု ဓါတ်ပုံများ၊ မှတ်တမ်း ဗွီဒီယိုများကို ပြသခဲ့ကြပြီး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူများက ၄င်းတို့၏ အတွေ့အကြုံ လှုပ်ရှားမှုများကို တက်ရောက်လာကြသူများအား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရှစ်လေးလုံး အမှတ်တရ ကဗျာပြိုင်ပွဲကို ကျင်းပခဲ့ကြသည်။ ကဗျာပြိုင်ပွဲသို့ ပြည်တွင်းပြည်ပမှ ကဗျာဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပေးပို့လာသော ကဗျာအပုဒ် (၂၀) ထဲမှ (၃)ပုဒ်ကို ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ခဲ့သည်။ ပထမဆုကို ဂျပန်နိုင်ငံမှ သီတာအောင်(တိုကျို)က ၈၈၈၈ အကြွေး ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဆိုကို ထိုင်းနိုင်ငံဝါသနာရှင် ခွန်တာဇံ(မကဒတ) က အောင်ပွဲနဲ့ အဆုံးသတ်မယ် ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း တတိယဆုကို ဘတ်ဖလိုးမြို့မှ AMT က ရှစ်ဆယ့်ရှစ် ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရရှိသွားခဲ့ကြသည်။ (ပေးပို့ယှဉ်ပြိုင်ထားသော ကဗျာများကို www.abebuffalo.blogspot.com ကဗျာကဏ္ဍတွင် သီးသန့်တင်ပေးသွားပါမည်။)
အခမ်းအနား အစီအစဉ်အဆုံးပိတ်ကို ကမ္ဘာမကြေဘူး သီချင်းအား သီဆိုကာ ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
၂၂ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား မှတ်တမ်းဓါတ်ပုံများ
ဗွီဒီယိုမှတ်တမ်း
No comments:
Post a Comment