၂၀၁၀ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ဘတ်ဖလိုးမြို့သို့ သီဆိုဖျော်ဖြေရန်ရောက်လာသော ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ၀ိုင်းစုခိုင်သိန်းအား အာရုဏ်ဦးတွင်ဖူးသည့်ကြာ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သောကြောင့် ဘတ်ဖလိုးရောက် မြန်မာများက ဆန္ဒပြ ရှုတ်ချခဲ့ကြသည်။ ထို့အပြင် ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် (၆၈) ယောက်သော သရုပ်ဆောင်များနှင့် နအဖ အသုံးချခံ အနုပညာရှင်များထံသို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ကြောင်း သိရှိရသည်။
နအဖအစိုးရ လက်အောက်တွင် အနုပညာရှင် အများစုသည် အစိုးရ၏ ၀ါဒဖြန်ချိရေး အသုံးချခံများ ဖြစ်နေကြရသည်။ ဘတ်ဖလိုးရောက် မြန်မာများအနေဖြင့် အနုပညာရှင်ရှင်များသည် ၄င်းတို့၏စားဝတ်နေရေးနှင့် အနုပညာဖြင့် လုပ်စားခွင့်ရရှိရေးများအတွက် ယင်းကဲ့သို့ အသုံးချခံနေရသည်ကို သိသော်လည်း သမိုင်းအမှန်ကို အမှား မြင်စေနိုင်သော၊ အနာဂတ်မျိုးဆက်များ အမှတ်လွဲစေနိုင်သော ယင်းကဲ့သို့ ဇာတ်ကားမျိုးတွင် သရုပ်ဆောင်ခြင်းအား လုံးဝ ဆန့်ကျင်သည်ကိုသိစေရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန္ဒပြခြင်းကို ညနေ ပွဲမစမီ (၄)နာရီတွင် စတင်ခဲ့ပြီး (၅)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝိုင်းစုခိုင်သိန်းထံသို့ အိတ်ဖွင့်ပေးစာ
Open Letter to Wyne Suu Khaing Thein
No comments:
Post a Comment