Monday, June 21, 2010

၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲ

အမေရိကန်နိုင်ငံ ဘားဖလိုးမြို့တွင် လာရောက် အခြေချ နေထိုင်နေကြသည့် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုပေါင်းပြီး ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ကြရောက်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက်မွေးနေ့ပွဲတွင် မတရားအချုပ်နှောင် ခံထားရခြင်းမှ လွတ်မြောက်စေရန် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ လွတ်မြောက်ရေးဆုတောင်းပွဲကို လူစည်းကားရာ Elwood နှင့် Bidwell လမ်းဆုံတွင် ကျင်းပခဲ့ကြသည်။ ပထမပိုင်းအနေဖြင့် အဆိုပါ ဆုတောင်းပွဲနေရာသို့ ကြွေးကြော်စာတမ်းများ၊ ဓါတ်ပုံများ ကိုင်ဆောင်ပြီး မိနစ် ၃၀ ကြာ ချီတက်ခဲ့ကြသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် လက်ကမ်းစာစောင်များဝေငှခြင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင် ခံနေရခြင်းအား သရုပ်ပြခြင်း၊ လက်ကမ်းစာများ ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။















Wednesday, June 16, 2010

၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖိတ်ကြားခြင်း

ဒေါ်အောင်ဆန်းစုကြည့်၏ (၆၅)နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို အမေရိကန် ဘားဖလိုးမြို့တွင် နေထိုင်ကြသော မြန်မာဒီမိုကရေစီအရေးစိတ်ဝင်စားသူများက ဇွန်လ (၁၉)ရက် စနေနေ့တွင် လူစည်းကား Bidwell နှင့် Elmwood လမ်းဆုံတွင် ညနေ (၂) နာရီမှ (၄) နာရီထိ ကျင်းပကြရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ အထူးအစီအစဉ်အနေဖြင့် အဆိုပါ အခမ်းအနားသို့ လမ်းလျှောက်ချီတက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည့် ထိန်းသိမ်းခံထားရခြင်းအား သရုပ်ပြခြင်းနှင့်အတူ လွတ်မြောက်ရေး ဆုတောင်းခြင်းများကို ပါ ပြုလုပ်မည်ဟု သိရသည်။ ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်မွေ့နေ့တွင် ဘားဖလိုးတွင်နေထိုင်နေကြသော မြန်မာပြည်သားများက လွတ်မြောက်ရေး ဆုတောင်းပွဲနှင့် ဓါတ်ပုံပြပွဲကိုပါ ပူးတွဲပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပြခဲ့ကြသည်။