တတိယ ဆု ရရှိသော သော ကလောင်ရှင် A.M.T ရဲ့ ရှစ်ဆယ့်ရှစ် ကဗျာဖြစ်ပါတယ်။
ရှစ်ဆယ့်ရှစ်
ဖုန်းမော်
ကြို့ ကုန်း
အင်းယား
မြေနီကုန်း
မြို့ တော်ခန်းမ
ဝန်ကြီးများရုံးနဲ့ 
၅၄ ခြံ
အာဇာနည်ကုန်း
၉၀
ဂန္ဒီ
နိုဘယ်လ်
၉၆ ,၉၈
ဒီပဲယင်း
ရွှေဝါရောင်မှသည်
………………….
…………………..
သြဂုတ်ကို ဆန်ရာကစ
အပူနဲ့ ဖိအားမှာ
နှစ်ကာလတချို့ ရောင်ပြောင်းတောက်ခဲ့ပြီ
တစ်ခုတည်းသော ငလျင်ကြောပေါ်က “ မျိုးဆက် “
ညီလေးရေ
သြဂုတ်ကို ဆန်တက်
သြဂုတ်ကို ဆန်တက်
အမောဆုံး အသက်ရှူသံမှာ ငါတို့ တပ်ဦး ရှိတယ်
AMT
29.7.2010
ဒုတိယဆိုရရှိသော ကလောင်ရှင် ခွန်တာဇံ (မကဒတ) ရဲ့ အောင်ပွဲနဲ့ အဆုံးသတ်မယ် ကဗျာဖြစ်ပါတယ်။
အောင်ပွဲနဲ့ အဆုံးသတ်မယ်
နှစ်ဆယ့်နှစ် ဆိုတာလောက်နဲ့
ရှစ်လေးလုံးကို
ဖုန်းကွယ်ချေဖျက်လို့ ရနိုင်ရိုးလား။
ရှစ်လေးလုံးဆိုတာ
အဖိနှိပ်ခံ ဘ၀တွေထဲမှာ
ကမ္ဘာမကြေဘူး ဖြစ်နေတယ်
ရှစ်လေးလုံးမှာ
တိုင်းပြည်ချစ်သူ အချို့
တိုင်းပြည်ချစ်တဲ့
ဝိဥာဉ်တွေ ဖြစ်သွားကြတယ်။
ရှစ်လေးလုံး ဒါဏ်ရာမှ
တိုက်ပွဲဝင် အလံတွေ ဖြစ်သွားကြတယ်
သံတိုင်ကြားက သူရဲကောင်းတွေ
အာဏာရှင်ကို မေးခွန်းထုတ်ပုံများ
ကြားတာနဲ့ ဖျားသွားနိုင်တယ်
ရက်စက်စရာနည်းလမ်း ကုန်ပြီးလားတဲ့။
ရိုးမပျော်သူတွေ
သူတို့ဘ၀နဲ့
ငြိမ်းချမ်းရေးကို
ထုဆစ်နေလိုက်ကြတာ
ရုပ်ထုတွေတောင်
ရင်ကွဲနာ ကျလောက်တယ်။
သားပျောက်မိခင်တွေများ
သူတို့ ပိုင်တဲ့ နိုဗယ်ဆုကြီးကို
ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲဝင် ကျည်ဆံ လုပ်ပစ်ချင်သတဲ့။
ဒါတွေအားလုံးဟာ
ရှစ်လေးလုံးပဲ မဟုတ်လား
ကဲနပိုလီယံရေ
ခင်ဗျား အဘိဓါန်ထဲမှာ
ရှစ်လေးလုံးကို
ညွှန်းဖွဲ့ စပ်ဆိုမဲ့
ဝေါဟာရမရှိဘူးဆိုတာ
လက်ခံလိုက်ပါ။
ဒီတော့
အောင်ပွဲရမှ
ပြီးပြည့်စုံတဲ့
ရှစ်လေးလုံးကဗျာကို
နိဂုံးချုပ် အဆုံးသတ်မယ်။ ။
ခွန်တာဇံ (မကဒတ)
ပထမဆုရရှိသော ကလောင်ရှင် သီတာအောင် (တိုကျို-ဂျပန်) ရဲ့ ၈၈၈၈ အကြွေး ကဗျာဖြစ်ပါတယ်။
၈၈၈၈ အကြွေး
အဲဒိတုန်းကပေါ့
များလိုက်တဲ့လူအုပ်ကြီး
မျက်စေ့တဆုံး အုန်းအုန်းထပြီး
ကြွေးကြော်သံ တိုင်သူတိုင်
အလံကိုင်သူကိုင်နဲ့
တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့။
အဲဒိတုန်းကပေါ့
ထမင်းထုပ် ဝေသူဝေ
ရေအလှူ ကမ်းသူကမ်း
လူတန်းတလျှောက် ရဲရဲတောက်လို့
မိန့်ခွန်းတွေလည်း နားထောင်
လက်ခုပ်သံတွေ မြည်ဟီး
ပြည်ကြီး တုန်မတတ်ပေါ့။
အဲဒိတုန်းကပေါ့
စစ်တပ်ဆိုတာ
ပစ်ရင်မှန်အောင်ပစ်သတဲ့
နိုင်ငံကျော်မိန့်ခွန်း အပြီး
တည့်တည့်ကြီး အပစ်ခံဖို့
လက်နက်ပီးနေသလို
အသီးသီး ထွက်လာကြ
လူပင်လယ်ကြီးဖြစ်ရပေါ့။
အဲဒိတုန်းကပေါ့
ကိုယ့်ရှေ့က ဆရာသမား
ဦးနှောက်တွေအဖွေးသားနဲ့ လဲကျ
ဒဏ်ရာဗလပွနဲ့
လူထုရဲ့ ညည်းသံ
အဖန်ဖန်ပြန်ကြားရင်း
မေ့မရတဲ့ အိပ်မက်ဆိုး
ရင်ကို လာလာနှိုးလို့
ပြန်ကိုမတွေးချင်တာ
နှစ်(၂၀)ကျော်ကြာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ်
အဲဒိတုန်းကပေးဆပ်ခဲ့တဲ့
လေးမြတ်သူတို့ရဲ့ စိတ်ဓါတ်
အဲဒိတုန်းက
လူထု
အဲဒိတုန်းက
ညီညွတ်မှု
အခု
ပြန်ရချင်လိုက်တာ။
သီတာအောင်(တိုကျို.ဂျပန်)
Tuesday, August 10, 2010
Monday, August 9, 2010
ဘတ်ဖလိုးမြို့ ရှစ်လေးလုံးနေ့ အခမ်းအနားနှင့် ကဗျာပြိုင်ပွဲ
(၂၂) နှစ်မြောက် ရှစ်လေးလုံးနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်းအားစုများ ဦးဆောင်ပြီး ၂၀၁၀ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် နေ့လည် (၁)နာရီမှ (၅)နာရီအထိ ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ ဥက္ကဌ ဦးမျိုးသန့်၊ International Amnesty မှ ကိုယ်စားလှယ်များ၊ ဘတ်ဖလိုးမြို့ဒေသခံများနှင့် ဘတ်ဖလိုးရောက် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်တွင် ရှစ်လေးလုံးကာလအတွင်း ပြည်သူများ၏ လှုပ်ရှားမှု ဓါတ်ပုံများ၊ မှတ်တမ်း ဗွီဒီယိုများကို ပြသခဲ့ကြပြီး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူများက ၄င်းတို့၏ အတွေ့အကြုံ လှုပ်ရှားမှုများကို တက်ရောက်လာကြသူများအား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရှစ်လေးလုံး အမှတ်တရ ကဗျာပြိုင်ပွဲကို ကျင်းပခဲ့ကြသည်။ ကဗျာပြိုင်ပွဲသို့ ပြည်တွင်းပြည်ပမှ ကဗျာဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပေးပို့လာသော ကဗျာအပုဒ် (၂၀) ထဲမှ (၃)ပုဒ်ကို ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ခဲ့သည်။ ပထမဆုကို ဂျပန်နိုင်ငံမှ သီတာအောင်(တိုကျို)က ၈၈၈၈ အကြွေး ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဆိုကို ထိုင်းနိုင်ငံဝါသနာရှင် ခွန်တာဇံ(မကဒတ) က အောင်ပွဲနဲ့ အဆုံးသတ်မယ် ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း တတိယဆုကို ဘတ်ဖလိုးမြို့မှ AMT က ရှစ်ဆယ့်ရှစ် ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရရှိသွားခဲ့ကြသည်။ (ပေးပို့ယှဉ်ပြိုင်ထားသော ကဗျာများကို www.abebuffalo.blogspot.com ကဗျာကဏ္ဍတွင် သီးသန့်တင်ပေးသွားပါမည်။)
အခမ်းအနား အစီအစဉ်အဆုံးပိတ်ကို ကမ္ဘာမကြေဘူး သီချင်းအား သီဆိုကာ ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
၂၂ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား မှတ်တမ်းဓါတ်ပုံများ
ဗွီဒီယိုမှတ်တမ်း
Labels:
ကဗျာကဏ္ဍ,
သတင်း,
နိုင်ငံရေး လှုပ်ရှားမှုများ
ဘတ်ဖလိုးရောက် မြန်မာများ ၀ိုင်းစုခိုင်သိန်းအား ရှုတ်ချ
၂၀၁၀ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ဘတ်ဖလိုးမြို့သို့ သီဆိုဖျော်ဖြေရန်ရောက်လာသော ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ၀ိုင်းစုခိုင်သိန်းအား အာရုဏ်ဦးတွင်ဖူးသည့်ကြာ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သောကြောင့် ဘတ်ဖလိုးရောက် မြန်မာများက ဆန္ဒပြ ရှုတ်ချခဲ့ကြသည်။ ထို့အပြင် ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် (၆၈) ယောက်သော သရုပ်ဆောင်များနှင့် နအဖ အသုံးချခံ အနုပညာရှင်များထံသို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ကြောင်း သိရှိရသည်။
နအဖအစိုးရ လက်အောက်တွင် အနုပညာရှင် အများစုသည် အစိုးရ၏ ၀ါဒဖြန်ချိရေး အသုံးချခံများ ဖြစ်နေကြရသည်။ ဘတ်ဖလိုးရောက် မြန်မာများအနေဖြင့် အနုပညာရှင်ရှင်များသည် ၄င်းတို့၏စားဝတ်နေရေးနှင့် အနုပညာဖြင့် လုပ်စားခွင့်ရရှိရေးများအတွက် ယင်းကဲ့သို့ အသုံးချခံနေရသည်ကို သိသော်လည်း သမိုင်းအမှန်ကို အမှား မြင်စေနိုင်သော၊ အနာဂတ်မျိုးဆက်များ အမှတ်လွဲစေနိုင်သော ယင်းကဲ့သို့ ဇာတ်ကားမျိုးတွင် သရုပ်ဆောင်ခြင်းအား လုံးဝ ဆန့်ကျင်သည်ကိုသိစေရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန္ဒပြခြင်းကို ညနေ ပွဲမစမီ (၄)နာရီတွင် စတင်ခဲ့ပြီး (၅)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝိုင်းစုခိုင်သိန်းထံသို့ အိတ်ဖွင့်ပေးစာ
Open Letter to Wyne Suu Khaing Thein
နအဖအစိုးရ လက်အောက်တွင် အနုပညာရှင် အများစုသည် အစိုးရ၏ ၀ါဒဖြန်ချိရေး အသုံးချခံများ ဖြစ်နေကြရသည်။ ဘတ်ဖလိုးရောက် မြန်မာများအနေဖြင့် အနုပညာရှင်ရှင်များသည် ၄င်းတို့၏စားဝတ်နေရေးနှင့် အနုပညာဖြင့် လုပ်စားခွင့်ရရှိရေးများအတွက် ယင်းကဲ့သို့ အသုံးချခံနေရသည်ကို သိသော်လည်း သမိုင်းအမှန်ကို အမှား မြင်စေနိုင်သော၊ အနာဂတ်မျိုးဆက်များ အမှတ်လွဲစေနိုင်သော ယင်းကဲ့သို့ ဇာတ်ကားမျိုးတွင် သရုပ်ဆောင်ခြင်းအား လုံးဝ ဆန့်ကျင်သည်ကိုသိစေရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန္ဒပြခြင်းကို ညနေ ပွဲမစမီ (၄)နာရီတွင် စတင်ခဲ့ပြီး (၅)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝိုင်းစုခိုင်သိန်းထံသို့ အိတ်ဖွင့်ပေးစာ
Open Letter to Wyne Suu Khaing Thein
Labels:
သတင်း,
နိုင်ငံရေး လှုပ်ရှားမှုများ
Thursday, July 8, 2010
ဘားဖလိုး သင်္ကြန်ပွဲတော်
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၃ ရက် စနေနေ့တွင် အမေရိကန် ဘာဖလိုးတွင် နေ့လည် ၂ နာရီခွဲမှ ညနေ ၉ နာရီထိုးထိ စည်ကားသိုက်မြိုက်စွာ ကျင်းပြခဲ့ကြသည်။
သံချပ်နားဆင်ရန်
သံချပ်နားဆင်ရန်
Monday, June 21, 2010
၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲ
အမေရိကန်နိုင်ငံ ဘားဖလိုးမြို့တွင် လာရောက် အခြေချ နေထိုင်နေကြသည့် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုပေါင်းပြီး ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ကြရောက်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက်မွေးနေ့ပွဲတွင် မတရားအချုပ်နှောင် ခံထားရခြင်းမှ လွတ်မြောက်စေရန် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ လွတ်မြောက်ရေးဆုတောင်းပွဲကို လူစည်းကားရာ Elwood နှင့် Bidwell လမ်းဆုံတွင် ကျင်းပခဲ့ကြသည်။ ပထမပိုင်းအနေဖြင့် အဆိုပါ ဆုတောင်းပွဲနေရာသို့ ကြွေးကြော်စာတမ်းများ၊ ဓါတ်ပုံများ ကိုင်ဆောင်ပြီး မိနစ် ၃၀ ကြာ ချီတက်ခဲ့ကြသည်။ 
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် လက်ကမ်းစာစောင်များဝေငှခြင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင် ခံနေရခြင်းအား သရုပ်ပြခြင်း၊ လက်ကမ်းစာများ ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။








အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် လက်ကမ်းစာစောင်များဝေငှခြင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင် ခံနေရခြင်းအား သရုပ်ပြခြင်း၊ လက်ကမ်းစာများ ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။
Wednesday, June 16, 2010
၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖိတ်ကြားခြင်း
ဒေါ်အောင်ဆန်းစုကြည့်၏ (၆၅)နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို အမေရိကန် ဘားဖလိုးမြို့တွင် နေထိုင်ကြသော မြန်မာဒီမိုကရေစီအရေးစိတ်ဝင်စားသူများက ဇွန်လ (၁၉)ရက် စနေနေ့တွင် လူစည်းကား Bidwell နှင့် Elmwood လမ်းဆုံတွင် ညနေ (၂) နာရီမှ (၄) နာရီထိ ကျင်းပကြရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ အထူးအစီအစဉ်အနေဖြင့် အဆိုပါ အခမ်းအနားသို့ လမ်းလျှောက်ချီတက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည့် ထိန်းသိမ်းခံထားရခြင်းအား သရုပ်ပြခြင်းနှင့်အတူ လွတ်မြောက်ရေး ဆုတောင်းခြင်းများကို ပါ ပြုလုပ်မည်ဟု သိရသည်။ ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်မွေ့နေ့တွင် ဘားဖလိုးတွင်နေထိုင်နေကြသော မြန်မာပြည်သားများက လွတ်မြောက်ရေး ဆုတောင်းပွဲနှင့် ဓါတ်ပုံပြပွဲကိုပါ ပူးတွဲပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပြခဲ့ကြသည်။


Sunday, April 18, 2010
Monday, April 12, 2010
Monday, March 22, 2010
နှုတ်ခွန်းဆက်သခြင်း
ဘားဖလိုးရှိ မြန်မာတိုင်းရင်းသားများ ဆိုဒ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီဆိုဒ်လေးကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ရှိ ဘားဖလိုးမြို့တွင် အခြေချနေထိုင်နေကြသော မြန်မာနိုင်ငံမှတိုင်းရင်းသားများ၏ လူမှုရေး။ ယှဉ်ကျေးမှု။ ပျော်ပွဲရွှင်ပွဲများနှင့် အခြားစိတ်ဝင်စားဖွယ်ရာသတင်းများကို တင်ပြရန် ရည်ရွယ်ပြီး ပြုလုပ်ပါသည်။
Subscribe to:
Posts (Atom)